TRAVEL TIPS TO MAKE YOU A SAVVIEST TRAVELER

◾Avoid taxis
ဘတ်ဂျက်သမားတွေ ခရီးသွားနေတုန်း အရှောင်သင့်ဆုံးက taxiပါ။ သူက အတော်အတန်ဈေးကြီးတဲ့အတွက်ကြောင့် ဟိုနားဒီနားသွားမယ်ဆိုရင်တောင် အဆင်မပြေပါဘူး။ မဖြစ်မနေလိုမှဘဲ ရွေးသင့်ပါတယ်။

◾Make extra copies of your passport and important documents
အရေးကြီးစာရွက်စာတမ်းတွေ ပျောက်ရှခဲ့သည်ရှိသော် မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ မိတ္တူလေးဆောင်ထားသင့်ပါတယ်။ ပြည်တွင်းခရီးမှာဆို သိပ်ကိစ္စမရှိပေမဲ့ ပြည်ပမှာဆိုရင်တော့ အတော်လေး ဒုက္ခရောက်၊ ကြံရာမရဖြစ်သွားမှာပါ။

◾Take pictures of your luggage and clothes
ဒါလည်း အပေါ်ကနှင့် အကြောင်းအရင်းအတူတူပါပဲ။ ပျောက်ခဲ့မယ်ဆိုရင် ဓာတ်ပုံလေးပြပြီး ရှာရဖွေရ လွယ်ကူစေတာပေါ့။

◾Carry emergency cash
ATM တွေအားကိုးနှင့် ငွေအကြွေ မဆောင်ခဲ့ရင်တော့ အကြီးကြီးမှားသွားပါလိမ့်မယ်။ ATMနဲ့ mobile banking agentရှာမရခဲ့ရင် အရေးပေါ်သုံးဖို့ ငွေသားတော့ ဆောင်သွားသင့်ပါတယ်။

◾Get good shoes, Wear sunscreen
အဆင်မပြေတဲ့ဖိနပ်နှင့်သာ ခရီးသွားမိခဲ့ရင်တော့ စိတ်သွားတိုင်း ကိုယ်ပါ ပျော်နိုင်မှာ မဟုတ်ပါဘူးနော်။ Sunscreenကောင်းကောင်းမပါခဲ့ရင်တော့ ခရီးကအပြန် ကိုယ့်အသားအရေကိုယ်ကြည့်ပြီး ရွှေစိတ်တော် ညိုးနေရပါလိမ့်မယ်။

◾Carry a basic first-aid kit
မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ရင် အရေးပေါ်သုံးနိုင်ဖို့ first-aid kitဆောင်ထားပါ။ အမူးပြေဆေး၊ အစာအိမ်ဆေး၊ antibacterial cream၊ အနာကပ်ပလာစတာတွေ အ‌ဓိကပါပါစေ။

◾Always pack a towel and flashlight
မျက်နှာသုတ်ပုပါ၊ wet tissueတွေကို မဖြစ်မနေ အနေနဲ့ ယူလာသင့်ပါတယ်။ ကမ်းခြေပဲသွားသွား၊ တောင်ပဲတက်တက် ချွေးသုတ်ဖို့၊ လက်ဆေးပြီးရင် သုံးဖို့အတွက် လွယ်လွယ်ကူကူ ထုတ်သုံးရအောင် ယူလာသင့်ပါတယ်နော့။ ဟိုတယ်တွေက ပေးတယ်ဆိုပေမဲ့ ယူသွားတာ မမှားပါဘူး။ အရေးပေါ် ဓာတ်မီးအသေးလေးလည်း ယူခဲ့သင့်ပါတယ်။

◾Pack light but take extra socks
မလိုအပ်တာတွေ ပိုမထည့်မိစေဖို့ listလုပ်ပြီး ခရီးဆောင်အိတ်ကို ထုတ်ပိုးပါ။ သို့ပေမဲ့ ခြေအိတ်အပိုတွေတော့ ပါလာပါစေ။

◾Learn to haggle
ဈေးဆစ်ရတာ မရှက်ပါနှင့်။ ဈေးသည်အများစုက ဈေးကိုပိုတင်ပြီး ပြောထားတတ်တာကြောင့် ဆစ်နိုင်မှ တန်ကာကျမှာပါ။ ဈေးဆစ်ခြင်းသည်လည်း ညှိုနှိုင်းတတ်ခြင်းအနုပညာတစ်မျိုးပါပဲ။ တတ်‌ေမြာက်ထားသင့်တဲ့ပညာပါ။

◾Take a jacket
တစ်ချို့ဒေသတွေက နေ့ခင်းဘက်ပဲ ပူအိုက်တတ်တယ်။ ညဖက်ဆို ‌တဖြည်းဖြည်းအေးလာတတ်တာကြောင့် အနွေးထည်လေးတစ်ထည်လည်း ဆောင်သွားသင့်ပါတယ်။

◾When you go out, take only what you need
ဟိုတယ်မှာ အိတ်တွေထားပြီး အပြင်ထွက်လည်ကြတဲ့အခါ လိုတာတွေပဲ သယ်သွားပါ။ စိတ်မချတာနဲ့ ရှိရှိသမျှ ကိုယ်နှင့်မကွာသယ်ခြင်းက ခရီးမှာ သက်သက်သာသာ ပျော်ရွှင်စေမှာမဟုတ်ပါဘူး။

◾Don’t be afraid to use a map
မရင်းနှီးတဲ့ ဒေသတွေကို ခရီးသွားတဲ့အခါမှာ မြေပုံကိုသုံးဖို့ မ‌ရှက်ပါနဲ့။ ဖုန်းထဲနေ Google Mapကြည့်ပြီး သွားရမဲ့နေရာကိုရောက်ဖို့ ကြာချိန်ကို ကြည့်ပါ။ ဒီလိုနည်းနဲ့ ဂျင်းထည့်ခံရခြင်း၊ လမ်းပျောက်ခြင်းတွေကနေ ကာကွယ်ပါ။

◾Get travel insurance
မင်မင်တို့နိုင်ငံမှာ အာမခံတွေ ခေတ်စားစပြုလာပေမဲ့ မမေ့မလျော့ ဝယ်ရမှန်းတော့ သတိမပြုမိကြသေးပါဘူး။ တစ်ချို့ ယာဉ်လိုင်းနှင့် လေကြောင်းလိုင်းတွေကတော့ လက်မှတ်ဝယ်ကတည်းက travel insuranceပါပြီးသားပါ။ လက်မှတ်ဝယ်ကတည်းက အာမခံပါမပါဆိုတာ သေချာစီစစ်ထားတော့ စိတ်ချလက်ချ ခရီးထွက်နိုင်ပြီပေါ့။

◾Stay in hostels
Hostelတွေ အများစုက backpackersသမားတွေကို ဦးတည်တာကြောင့် ဈေးချိုပါတယ်။ ပေးတဲ့ facilitiesကလည်း မဆိုးဘူး။ သူငယ်ချင်းတွေနှင့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနေကြမယ်ဆို အရမ်းအဆင်ပြေပါတယ်။

◾Never eat in a touristy area or near a tourist attraction
Touristy area အနီးအနားက ဆိုင်တွေက များသောအားဖြင့် ဈေးကြီးလေ့ရှိပါတယ်။ အချိန်ရမယ်ဆိုရင်တော့ အဝေးက စားသောက်ဆိုင်တွေဆီ သွားပြီး ဈေးသက်သက်သာသာနှင့် အဝကြိတ်ပါ။

◾Lunchtime is the best time to visit historical sites
နာမည်ကြီး historical sitesတွေက အမြဲ လူကြပ်နေတာကြောင့် သေချာမလေ့လာ၊ မကြည့်ရှုရတဲ့ ဒုက္ခက လွတ်ချင်ရင်တော့ သူများတွေ နေ့လည်စာစားတဲ့အချိန်ကို စောင့်ပြီး သွားလည်ပါ။ နေတော့ ပူပေ‌မဲ့လည်း လူရှင်းရှင်းနဲ့ ဓာတ်ပုံရိုက်လို့လည်းရ၊ လေ့လာလို့လည်းရမှာပါ။

◾Libraries, restaurants, and most cafés have free Wi-Fi
WiFi serviceပေးတဲ့ဆိုင်‌ရွေးပြီး ထိုင်မယ်ဆိုရင်တော့ ငွေကြေးချွေတာပြီးသားဖြစ်ပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်ပြီ။