
1. Cats in Japan 🐈
The land of Hello Kitty လို့သိကြတဲ့ ဂျပန်နိုင်ငံ🇯🇵မှာ လူတွေထက်ကြောင်တွေနေတာ ပိုများနေတဲ့ ကျွန်း(၁၃)ကျွန်းရှိပါတယ်။ နာမည်အကြီးဆုံးကတော့ Aoshimaကျွန်းပါ။ ကျွန်းပေါ်ကအိမ်တိုင်းမှာ တစ်အိမ်ကို အနည်းဆုံးကြောင်(၆)ကြောင်ပျှမ်းမျှရှိနေတာကြောင့် ကြောင်ကျွန်းလို့ လူသိများကြပါတယ်။ ကျွန်းပေါ်ရောက်ရင်တော့ ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာပြီး ကြောင်လေးတွေကို အစာကျွေးလို့ရပါတယ်။

2. Giant pandas in China 🐼
တရုတ်နိုင်ငံ🇨🇳မှာ နှစ်စဉ်လူဦးရေတိုးပွားလာမှုနှင့် မြို့ပြချဲ့ထွင်မှုတွေက ပန်ဒါေလးတွေရဲ့ စားကျက်မြေတွေကို ခြိမ်းခြောက်လာနေပါတယ်။ ဒါကို ကယ်တင်နိုင်ဖို့အတွက် ပညာရှင်တွေက refugeတွေမှာ အကောင်ရေထိန်းသိမ်းတာမျိုးလို စနစ်တကျဂရုစိုက်စောင့်ရှောက်ပေးနေပါတယ်။ Lougantai refugeမှာကတော့ Volunteer Programရှိတာေကြာင့် (၂)ပတ်ကနေ(၄)ပတ်အထိ လုပ်အားပေးလုပ်ရင်း သူတို့လေးတွေကို အနီးကပ်လေ့လာလို့ရတာကြောင့် ပန်ဒါချစ်သူတွေအတွက် အခွင့်ထူးကြီးပါပဲ။

3. Golden Retriever Club of Scotland in Scotland 🐕
လွန်ခဲ့တဲ့၂၀၁၆ ခုနှစ်တုန်းက Golden Retriever ဝါသနာရှင်တွေအတွက် ပွဲလေးတစ်ခုကို Inverness Scotlandမှာစပြီးကျင်းပဖြစ်ခဲ့ကြတယ်။ အစပိုင်းနှစ်တွေမှာ (၁၈၈)ကောင်ပဲပါဝင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ၂ဆအထိများလာခဲ့ပါတယ်။ခွေးလေးတွေမရှိကြတဲ့သူတွေတောင် ဒီပွဲလေးကို လာလည်ပြီး Dog parades, jokes, dances နှင့် dinnerစားတာမျိုး တူတူလုပ်လို့ရတာကြောင့် ခွေးလေးတွေကို ချစ်တဲ့သူေတွ သွားလည်သင့်တဲ့နေရာမျိုးပါ။

4. Llamas and alpacas in Peru 🐐
Llamasလို့သိကြတဲ့ အမွေးထူကောင်လေးတွေကိုတော့ ပီးရူး🇵🇪၊ ဘိုလီဗီးယား🇧🇴နှင့် အာဂျင်တီးနား 🇦🇷တောင်ပိုင်းတွေမှာ အများကြီးတွေ့ရနိုင်ပါတယ်။ ယဉ်ပါးတဲ့အကောင်လေးတွေဖြစ်တာကြောင့် စိုးရိမ်စရာမလိုပေမဲ့ သူတို့ကို နှောင့်ယှက်တာမျိုးမလုပ်မိဖို့ အရေးကြီးပါတယ်။

5. Monkeys in the Amazon Rainforest and Uganda 🐒
မျောက်လေးတွေက ခေါင်းပုံဖြတ်ခရီးသွားလုပ်ငန်းေတွရဲ့ သားကောင်များဖြစ်ေနကြပါတယ်။ သူတို့ကိုဖျော်ဖြေပွဲေတွ၊ ဆပ်ကပ်နှင့်အခြေအနေအရမ်းဆိုးေနတဲ့ တိရစ္ဆာန်ရုံများမှာ အတင်းအဓမ္မေစခိုင်းခံဖို့အတွက် တရားမ၀င်ဖမ်းဆီးပြီးရက်စက်စွာေလ့ကျင့်ခံကြရပါတယ်။ ဒီလိုမျိုးတွေမရှိဘဲ သဘာဝအတိုင်း ရှင်သန်နေကြတဲ့ မျောက်မျိုးစိတ်ေတွကို ဘရာဇီး🇧🇷ရဲ့အမေဇုန်မိုးသစ်တောနှင့်ယူဂန်ဒါနိုင်ငံ🇺🇬ေတွမှာ အများစုတွေ့ရနိုင်ပါတယ်။
ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို အပတ်စဉ်ရေးသားတင်ဆက်နေတာကြောင့် စောင့်ကြည့်ဖို့လည်း မမေ့ပါနဲ့နော်။♥️

































