
နောက်ပြောင်ပြီး ပြောတာ မဟုတ်ပါဘူး။ တကယ်ပါ။
သြစေတြးလျ Qantas လေကြောင်းလိုင်းက Boeing 787ကို သုံးပြီးဘယ်မှ မရောက်တဲ့ Sydneyမြို့ ကနေ Sydneyမြို့ကိုပြန်ေရာက်မဲ့ Sightseeingကြည့်ရုံသက်သက် ခရီးစဉ်တွေကို ရောင်းချခဲ့တာ (၁၀)မိနစ်တွေ လက်မှတ်တွေ အကုန်ရောင်းထွက်ခဲ့ပါတယ်တဲ့။
ဒါဟာ Qantasသမိုင်းမှာ အမြန်ဆုံးရောင်းရတဲ့ ခရိီးစဥ်ဖြစ်တယ်လို့ Qantasရဲ့ CEOဖြစ်သူ Alan Joyceက ဝမ်းသာအားရပြောပြထားတာကို CNN travel က ပြီးခဲ့တဲ့သောကြာနေ့က ဖော်ပြထားပါတယ်။
အောက်တိုဘာလမှာ စတင်မဲ့ခရီးစဥ်အတွင်းမှာ အထင်ကရနေရာေတွ နားမှာ ခပ်နိမ့််နိမ့်ပျံသန်းပေးသွားမှာဖြစ်ပြီး ပျံသန်းချိန်စုစုပေါင်း (၇) နာရီကြာမှာဖြစ်ပါတယ်။ ဒါ့အပြင် Special onboard entertainment အနေနှင့် celebrity host တွေခေါ်ပြီးပါ Supriseလုပ်ပေးမယ်လို့ ပြောကြားထားပါတယ်။
အလားတူ ထိုင်ဝမ်အေခြစိုက် Eva လေေကြာင်းလိုင်းကလည်း “Flight to nowhere” ခရီးစဥ်တစ်ခုကို ခရီးသည် ၁၂၀ ခန့််နဲ့ စတင်ပျံသန်းလိုက်ပြီဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာကန့််သတ်ချက်ေတွေကြာင့်် ဘယ်မှာမှ ဆင်းသက်မှာမဟုတ်တဲ့ ဒီခရီးစဥ်ဟာ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူကျွန်းကို လေပေါ်ကနေ ဝဲပျံပြသပေးပြီး ထိုင်ပေကိုပြန်ဆင်းသက်ခဲ့ပါတယ်။
ဒီအကြောင်းကို အက်မင် စတွေ့မိတော့ ရုတ်တရက်ေခါင်းစဥ်ပဲဖတ်မိတာေကြာင့် နောက်ပြောင်နေတယ်လို့ ထင်ခဲ့မိတယ်။ သတင်းတွေ သေချာဖတ်မိတော့မှ သူတို့ရဲ့ ရုန်းကန်နိုင်စွမ်းကို တကယ်လေးစားမိပါတယ်။
အခုလို ကိုဗစ်ေကြာင့််ရပ်ထားရတဲ့့ ခရီးသွားလုပ်ငန်း မှာ ေလေကြာင်းလိုင်းေတွလည်းထိပ်ဆုံးကအထိနာခဲ့တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ကပ်ရောဂါကာလ၊ မဖြစ်မနေကလွဲလို့ ခရီးတွေမထွက်ကြရတဲ့အချိန်၊ ငွေကြေးသန်းပေါင်းများစွာ မြုပ်နှံထားတဲ့ ခရီးသွားဆက်စပ်လုပ်ငန်းကြီးတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြပါမလဲ။
အဖြေကတော့ ရှင်းပါတယ်။ “Innovate or Die” ပါ။ သူတို့ရွေးလိုက်တဲ့ လမ်းက တီထွင်ဆန်းသစ်မလား (ဒါမှမဟုတ်) သေကြမလား ။ ဆိုလိုတာက တီထွင်ဖန်တီးမှုေတွမရှိရင် သေသွားမှာပါ။ ဝန်ထမ်းတွေရဲ့လစာ၊ ကြွေးမြီ၊ အခွန်အခတွေကြား ဘယ်လိုမှ ရှင်သန်လို့မရဘူးလို့ ဆိုလိုတာပါ။ သူတို့ မသေဆုံးချင်ကြတာကြောင့် အခုလို Innovation မဖြစ်မနေလုပ်ကြရတော့တာပါပဲ။
ကိုးကား –
CNN Travel
Qantas seven-hour flight to nowhere sells out in 10 minutes
Reuters – Taiwan travellers take sightseeing ‘flight to nowhere’