
” Space is for everybody. It’s not just for a few people in science or math, or for a select group of astronauts. That’s our new frontier out there, and it’s everybody’s business to know about space.”
(CHRISTA MCAULIFFE, December 6, 1985)
ကျွန်တော်တို့ လူသားတွေ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့စူးစမ်းမှုတွေထဲကမှ မကုန်ဆုံးနိုင်သေးတဲ့လေ့လာမှုတစ်ခုကတော့ အာကာသ ပဲဖြစ်ပါတယ်။ အခုအချိန်ထိ မေးခွန်းပေါင်းများစွာနှင့် မဖြေရှင်းနိုင်သေးတာတွေရှိနေပေမဲ့ အတိုင်းအတာတစ်ခုအထိတော့ ခရီးပေါက်ေနပြီလို့ ဆိုရမှာပါ။
ရောက်နိုင်သမျှ ဝေးဝေးအထိ ခရီးဆန့်ချင်တဲ့ လူသားတွေဟာ အာကာသထဲ ခရီးသွားနိုင်ဖို့ရန် ကြိုးပမ်းနေကြတာ နှစ်ချီနေပြီဆိုတာ အားလုံးသိကြပါတယ်။ အာကာသခရီးသွားခြင်းမှာ –
⚫orbital tourism,
⚫ suborbital tourism နှင့်
⚫lunar space tourism အပါအဝင် ကွဲပြားတဲ့အမျိုးအစားတွေ ရှိနေပါသေးတယ်။ လက်ရှိမှာ ကုန်ကျစရိတ် သိပ်ကြီးမြင့်နေပေမယ်လို့ နောင်အနာဂတ်မျိုးဆက်တွေအတွက်ကတော့ ဈေးသက်သာလာနိုင်ပါတယ်။
အာကာသထဲ ရောက်ရှိခဲ့တဲ့ ပထမဆုံး space tourist ကတော့ ပုံပါအမေရိကန်စီးပွားရေးလုပ်ငန်းရှင် Dennis Tito ဖြစ်ပြီးတော့ ၂၀၀၁ခုနစ်မှာ ကမ္ဘာ့လေထုထဲကနေထွက်ခွာပြီး နိုင်ငံတကာအာကာသစခန်း International Space Station(ISS)ဆီကို ၈ရက်ကြာခရီးသွားခဲ့ပါတယ်။ အဲဒီ့အချိန်တုန်းက ရှရှားအေဂျင်စီ Roscosmosနှင့် လက်တွဲခဲ့တဲ့ Space Adventures ကသာ တစ်ခုတည်းသော အာကာသခရီးသွားကုမ္ပဏီဖြစ်ခဲ့ပြီး ခရီးစရိတ်အနေနှင့်ကတော့ စုစုပေါင်းအနည်းဆံုး ဒေါ်လာ မီလီယံ ၂၀ကုန်ကျခဲ့ပါတယ်။

၂၀၁၈ခုနစ်မှာ NASAရဲ့ စတူဒီယိုကနေ generationအသစ် လေ့လာစူးစမ်းသူတွေကြောင့် အာကာသတွင်း ခရီးသွားလို့ ရလာနိုင်ချေရှိတဲ့ ဂြိုလ်တွေကို creativityကောင်းကောင်းနှင့် ပိုစတာတွေ ထွက်ထားတာရှိပါတယ်။
အဲဒီ့အထဲမှာမှ Grand Tourကတော့ အမိုက်စား အလန်းဆုံး ခရီးစဉ်တစ်ခုပေါ့။ ဝမ်းနည်းစရာက ဒီလိုစကြဝဠာ နေအဖွဲ့အစည်းထဲက အဓိကဂြိုလ်တွေဖြစ်တဲ့ Jupiter, Saturn, Uranus နှင့် Neptuneဂြိုလ်တို့ကို လည်ပတ်တာက အာကာသအတွင်း အချိန်ကွာဟချက်ကြောင့် ၁၇၃နှစ်မှ တစ်ခါ သွားနိုင်မှာပဲဖြစ်ပါတယ်။

ပိုစတာထဲက ပထမဆုံး တစ်ခု Mars
Mars ဂြိုလ်ကို လေ့လာမှုတွေပြုလုပ်ကတည်းက လူသားတွေ အမြဲတမ်းနေထိုင်နိုင်ဖို့အတွက်ကို အဓိကထားလုပ်ခဲ့ကြပါတယ်။ ပိုစတာပါ ပုံစံတွေအရ Marsဂြိုလ်ဟာ empty planet အနေနှင့် မဟုတ်တော့ဘဲ ရေအရင်းအမြစ်တွေ၊ သစ်ပင်တွေပါဝင်နေတာကမျှော်လင့်စရာ တစ်ခုပဲဖြစ်ပါတယ်။
ဒုတိယတစ်ခုက ကမ္ဘာဂြိုလ်
ကမ္ဘာမြေဟာလည်း နောင်အနာဂတ် လူသားတွေရဲ့ ဇာတိမြေကို ပြန်လည်လည်ပတ်စရာ နေရာတစ်ခုဖြစ်လာနိုင်ချေရှိတာကြောင့် ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။ လူသားေတွအသက်ရှင်နိုင်တဲ့ အခြေခံလိုအပ်ချက်တွေပြည့်စုံနေတဲ့ ဂြိုလ်အသစ်တွေသာ ထပ်မံေတွ့ရှိလာလို့ လူသားတွေက ညစ်ညမ်းနေပြီဖြစ်တဲ့ကမ္ဘာဂြိုလ်ကို ထားရစ်ခဲ့တဲ့ကိစ္စဟာ WALL-E ဇာတ်ကားထဲကလို အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။
Venus
Venusဂြိုလ်မှာ unique cosmic phenomenon တေွ တွေ့ရနိုင်တာေကြာင့် အာကာသလေ့လာရေး စူးစမ်းရှာဖွေတွေလုပ်လိုသူတွေနှင့် သိပ္ပံပညာရှင်တွေအတွက် အိမ်မက်နေရာတစ်ခုပဲဖြစ်ပါတယ်။
Jupiter
ကောင်းကင်မှာ ရောင်စုံဥတ္တရအလင်းတန်း(Aurora)တွေ အများကြီး ရှိနေတဲ့ Jupiterဂြိုလ်ကလည်း တစ်နေ့မှာ space tourismအတွက် destinationေကာင်းတစ်ခုဖြစ်လာမှာပါ။ ကမ္ဘာမှာ မြင်တွေ့နိုင်တဲ့အလင်းတန်းတွေထက် အဆရာချီပြီး ပိုအားကောင်း၊ ပိုလှတဲ့ အရောင်အသွေးစုံတွေကြောင့် မှော်ကမ္ဘာတစ်ခုလိုမျိုး အာကာသခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။
နောက်ထပ်ကတော့ –
🌘 NASAက မကြာသေးခင်က တွေ့ရှိခဲ့တဲ့ ကျောက်တုံးတွေ၊ ရေခဲတွေပဲ ရှိနေတဲ့ ြဂိုလ်ပုလေး Ceres
🌒 သမုဒ္ဒရာနှင့် hydrothermal activityတွေရှိနေမယ်ယူဆရတဲ့ Enceladus ဂြိုလ်
🌘 နေအဖွဲ့အစည်းထဲက ဒုတိယအကြီးဆုံး Saturnရဲ့ ြဂိုလ်ရံလ Titan
နှင့် အခြားဖြစ်နိုင်ေချ projectတွေဖြစ်တဲ့ –
⚫Europa
⚪51 Pegasi B
⚫HD 40307G
⚪PSO J318.5-22
⚫Trappist-1e
⚪Kepler-186f
⚫In The Making: Circumlunar Mission
⚪In The Making: Luxury In Orbit
⚫In The Making: Mars 2117 Project
⚪In The Making: One Way Ticket To Mars တို့အတွက် အသေးစိတ်ကို အောက်က Linkမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။👇
https://www.thetravel.com/15-incredible-space-tourism-options-coming-soon-5-destinations-already-available-today/

အခြေခံလိုအပ်ချက်များ
အရပ်အမြင့် – 160cm (5’3″) ~ 185cm (6’1″)
ခန္ဓာကိုယ်အလေးချိန် – 50 kg (110lbs) ~ 95kg (209lbs)
အာကာသအတွင်းခရီးသွားတဲ့အခါမှာ ပြင်းထန်တဲ့ဖိအားနှင့် ကမ္ဘာ့ဆွဲအားမရှိတဲ့ ဒဏ်ကိုခံစားရမှာ ဖြစ်တာကြောင့် အာကာသယာဉ်မှူးများလေ့ကျင့်တဲ့ပုံစံအတိုင်း ပရိုဂရမ်အတိုင်း အချိန်တစ်ပတ်လောက် ကြိုတင်လေ့ကျင့်ထားရမှာပဲဖြစ်ပါတယ်။ လေ့ကျင့်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအတွက်ပဲမဟုတ်ပဲ အာကာသယာဉ်ထဲက နည်းပညာတွေနှင့် ရင်းနှီး ကျွမ်းဝင်ဖို့ပါ လုပ်ကြရပါတယ်။ Zero gravity flightsအတွက်လိုအပ်ရင်တော့ medical exam စစ်ဆေးခံရမှာပါ။

အစားအသောက်
အစားအသောက်ကိုတော့ pre-packaged foods တွေပဲစားရမှာဖြစ်ပြီး လတ်ဆတ်တဲ့ အသီးအနှံတွေကို resupply missions ပြန်လည်ဖြည့်တင်းပေးကြပါတယ်။ တစ်ခါတစ်လေတော့ NASAက space farm ထဲမှာစိုက်ထားတဲ့ မုန်ညင်းလို အရွက်တွေလည်း စားရနိုင်ပါတယ်။
Space flight ထဲမှာ 22 degrees Celsius နှင့် 60 per cent relative humidity ကိုရေအာင်ထိန်းထားထားပေးတယ်ဆိုပေမဲ့ ဝတ်ချင်တိုင်းဝတ်လို့မရတာတော့ အသေအချာပါပဲ။
အသေးစိတ်ဖတ်ရှု့ရန် –
https://www.iexplore.com/articles/activity-guides/space-travel/preparing
https://www.flightcentre.com.au/travel-news/travel-tips/10-space-travel-facts

အာကာသခရီးသွားလုပ်ငန်းထဲက Companyကြီး(၅)ခု
1️⃣Virgin Groupကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Virgin Galactic
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Virgin Galactic space tourism companyဟာ သူတို့ရဲ့ waiting list ထဲမှာ ပါဖို့အတွက်တင် £200,000 အထိ depositပေး၊ စောင့်ဆိုင်းနေကြသူ space touristsအမြောက်အမြားရှိေနပါတယ်။
2️⃣တခြားကုမ္ပဏီတွေနှင့် မတူညီအောင် ခွဲထွက်ချင်ေနတဲ့ SpaceX
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
SpaceX companyကတော့ တခြားကုမ္ပဏီတွေနှင့် မတူညီအောင် ခွဲထွက်တဲ့အနေနှင့် lunar tourismနှင့်အခြားပုံစံကွဲတွေ ချဲ့ထွင်ဖို့ကြိုးစားခဲ့ပါတယ်။ ခရီးသည် ၂ဦးနှင့် လကမ္ဘာခရီးစဉ်ကို ၂၀၁၈ခုနစ်မှာ စတင်ဖို့ အစီအစဉ်ဆွဲခဲ့ပေမဲ့ အခုချိန်အထိ နှောင့်နှေးမှုေတွရှိေနပါတယ်။ Waiting listကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေမဲ့ ကုန်ကျစရိတ်က rocketပေါ်မူတည်ပြီး ဒေါ်လာ ၆၂မီလီယံနှင့် မီလီယံ ၉၀ကြားရှိပါတယ်။
3️⃣နောက်ထပ်တစ်ခုကတော့ Blue Origin ကုမ္ပဏီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Virgin Galacticနှင့်အဓိကပြိုင်ဖက်ဖြစ်တဲ့ Blue Originကလည်း test flightsတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး မကြာခင် ခရီးသည်တွေ စတင်ပို့ဆောင်မှာဖြစ်ပါတယ်။ Virgin Galacticနှင့်မတူတဲ့အချက်ကတော့ ယခုအချိန်အထိ ကြိုတင်ငွေ တောင်းခံခြင်းမရှိသေးဘဲ ခရီးစဉ်တစ်ခေါက်လျှင် ခရီးသည် ၆ယောက်အထိ လိုက်ပါနိုင်မယ်လို့ အစီအစဉ်ဆွဲထားကြတာပါပဲ။
4️⃣Space hotelတစ်ခုတည်ဆောက်မဲ့ Orion Span ကုမ္ပဏီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
USအခြေစိုက် Orion Span ကုမ္ပဏီက space hotelတစ်ခုအဖြစ်အသုံးပြုဖို့ Aurora Space Stationလို့ အမည်ရတဲ့ private commercial space station တည်ဆောက်ရေးအစီအစဉ်ကို ကြေညာခဲ့ပါတယ်။ အစီအစဉ်ဆွဲဆဲ provisional stagesမှာပဲ ရှိသေးပေမဲ့ လပေါင်းများစွာအထိ hotel reservationတွေလုပ်ထားတာတွေရှိနေပါပြီ။ တစ်ကြိမ်ကိုခရီးသည်၆ယောက်နှုန်းနှင့် ပထမဆုံးဧည့်သည်တွေကို 2022ခုနစ်မှာ စတင်ဝန်ဆောင်မှုပေးမယ်လို့ ဆိုထားပါတယ်။
5️⃣နောက်ဆုံးတစ်ခုကတော့ နာမည်ကျော် Boeing
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလံုးရင်းနှီးပြီးသား Boeingကတော့ NASA ရဲ့ Commercial Crew Development programmeမှာ major playerအနေနှင့်ပါဝင်ဖို့ သဘောတူညီထားပါတယ်။ သဘောတူညီချက်တွေအရတော့ အာကာသတွင်းခရီးသွားဖို့ ယာဉ်အမျိုးအစားတွေကို ဆောက်လုပ်သွားမှာပါ။
အသေးစိတ်ဖတ်ရှု့ရန် –
https://www.revfine.com/space-tourism/#history-space-tourism

ကုန်ကျစရိတ်
နိုင်ငံတကာအာကာသစခန်းအေရာက် ခရီးသည်တစ်ဦးေပးေချရမဲ့ေငွကေတာ့ အနည်းဆုံး ဒေါ်လာ ၂၀~၂၅မီလီယံဖြစ်ပါတယ်။ Space Hotel ဈေးနှုန်းကေတာ့ ဧည့်သည်တစ်ယောက်အတွက် တစ်ညကို ဒေါ်လာ ၂၀~၄၀မီလီယံ ကျသင့်မှာဖြစ်ပါတယ်။ Company နှင့် Rocketပေါ်မူတည်ပြီး ကုန်ကျစရိတ်က ပိုများလာနိုင်တာမျိုးပဲရှိပါတယ်။ ဒီ့ထက်တော့နည်းမှာ မဟုတ်ပါဘူး။
ISSကို ရောက်ရှိတဲ့ ခရီးသည်တစ်ယောက်ရဲ့ တစ်ညကုန်ကျစရိတ်အနေနှင့် NASAက $35,000ယူမှာဖြစ်ပြီး ခရီးသည်တစ်ယာက်ကို life support, food, air, energy နှင့် လိုအပ်မဲ့ေဒတာတွေ ထောက်ပံ့ပေးသွားမယ်လို့ ဆိုထားပါတယ်။
အသေးစိတ်ကိုတော့ ပုံမှာ တွက်ကြည့်နိုင်ပါတယ်။

အချိန်အတိုင်းအတာ တစ်ခုမှာတော့ လူသားတို့ရဲ့ Galaxyအိမ်မက်တွေကို မက်ချင်သူတိုင်းမက်ခွင့်ရပြီး ကြယ်တွေနှင့်အနီးဆုံးဆီ အမှန်တကယ် ရောက်နိုင်လေမလား ?
အခုလက်ရှိမှာတော့ COVID-19ကပ်ရောဂါကနေ ဦးစွာ လွတ်မြောက်ကြပြီး၊ မကြာမီ ကိုယ်စီအိမ်မက်တွေ လက်တွေ့ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ။
ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။❤️