ဝိုင်ချစ်သူတွေ အကြိုက်တွေ့မဲ့ ခရီးသွားပုံစံ “Enotourism”

Enotourism ဆိုတာဘာလဲ?
••••••••••••••••••••••••••••••••••••
Enotourism, oenotourism, wine tourism, vinitourismလို့လည်းခေါ်ကြပြီး ၂၁ရာစုရဲ့ခရီးသွားပုံစံ အသစ်တစ်ခုဖြစ်ပါတယ်။ဖြစ်‌ေပါ်လာပံုသမိုင်းကြောင်း‌ေတွကဒေသတစ်ခုနှင့်တစ်ခုကွဲပြားခြားနားမှုတွေရှိနေပေမဲ့ Enotourismလို ခရီးသွားပံုစံအသစ်ကို ကတ်တာလိုးနီးယားနှင့်စပိန်နိုင်ငံလိုမျိုးဒေသ‌ေတွက၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းကစတင်ပြီး အစပျိုးခဲ့ကြပါတယ်။

၂၀၀၄ ခုနှစ်မှာ Sideways လို့ အမည်ရတဲ့ရုပ်ရှင်ထွက်ရှိပြီးတဲ့‌ေနာက် အဲ့ဒီရုပ်ရှင်ထဲမှာ ပါရှိခဲ့တဲ့ ကာလီဖိုးနီးယားတောင်ပိုင်းဆန်တာဘာဘရာဒေသရှိဝိုင်ထုတ်လုပ်ရေးလုပ်ငန်းအကြောင်းကြောင့် enotourismအပေါ် ခရီးသွားတွေ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ရပါတယ်။ အချက်အပြုတ်(သို့မဟုတ်)ဝိုင်နှင့်ဆိုင်တဲ့လှုပ်ရှားမှု‌ေတွအပါအဝင် ၂၁ ရာစု၏ပထမဆယ်စုနှစ်တစ်လျှောက်ခရီးသွားလုပ်ငန်း သိသိသာသာတိုးတက်ခဲ့ရတဲ့အထိပါပဲ။

ဂျာမနီ၊ သြစတြီးယား၊ စလိုဗေးနီးယား၊ စပိန်၊ ပြင်သစ်၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီနှင့်ပေါ်တူဂီနိုင်ငံ‌ေတွမှာလည်း ဝိုင်သိုလှောင်တဲ့မြေအောက်ခန်း‌ေတွ လာရောက်လည်ပတ်မှု ပိုတိုးစေဖို့အတွက် နှစ်စဉ်နိုဝင်ဘာလ ဒုတိယအပတ်တနင်္ဂနွေနေ့ကို “Enotourism Day” အဖြစ် သတ်မှတ်ကျင်းပလိုက်ကြပါတယ်။ 
– Thailand 🇹🇭
– China 🇨🇳
– Japan 🇯🇵
– Myanmar 🇲🇲
– Bali 🇮🇩
– India 🇮🇳
– Belgium 🇧🇪
– Vietnam 🇻🇳
– England 🇬🇧
– Canada 🇨🇦
– Brasil 🇧🇷နိုင်ငံတွေရဲ့ မတူညီတဲ့ မြေဆီလွှာအမျိုးအစားနှင့် အပင်မျိုးတွေက ဒေသထွက်ဝိုင်တွေကို ပိုမိုထူးခြားကွဲပြားမှုတွေ ပေးစွမ်းကာ နာမည်ကျော်‌ေစပါတယ်။

Enotourismက Booze tourismနဲ့ လုံးဝမတူဘဲ ပို classicဆန်တာကြောင့် ဝိုင်ချစ်သူတွေ အကြိုက်ပဲဖြစ်ပါတယ်။ ခရီးစဉ်မှာ အဓိကအ‌ေနနှင့် ဝိုင်တွေရဲ့ သမိုင်းကြောင်းနှင့်ပြုလုပ်ပုံတွေကို လေ့လာကြပါတယ်။ အချို့သောဝိုင်ထုတ်လုပ်ရေးလုပ်ငန်းများက ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းအနီးအနားမှာ guest house‌ေတွ ပြင်ဆင်ပေးထားတာမျိုးလည်းရှိပါတယ်။ ဧည့်သည်တွေက ဝိုင်သောက်တာတစ်ခုတည်းကိုလုပ်ကြတာမျိုးမဟုတ်ဘဲ ဝိုင်ရဲ့အနံ့၊ အရောင်အဆင်း၊ အရသာတွေကို ခံစားကြတဲ့အပြင် ဝိုင်ချက်လုပ်ငန်းတွေဆီလည်ပတ်ကြတာမျိုး၊ စပျစ်သီးခူးဆွတ်တာ၊ စပျစ်ခင်းတွေကြားထဲ လမ်းလျှောက်ထွက်ကြတာ၊ စက်ဘီးစီးတာ၊ dinnerစားကြတာမျိုးလို Activitiesတွေလည်း ပျော်ပျော်ရွှင်ရွှင် လုပ်ကြပါသေးတယ်။

Enotourism အကြောင်းကတော့ ဒီလောက်ပါပဲ။ နောက်ထပ်လည်း ခရီးသွားခြင်းနှင့်သက်ဆိုင်တဲ့အကြောင်းအရာတွေဝေမျှပေးသွားမှာဖြစ်ပါတယ်။
ဖတ်ရှု့ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။💞

1 Comment

  1. Kyaw Lynn Phyo's avatar Kyaw Lynn Phyo says:

    Nice

    Liked by 1 person

Leave a Comment