ခရီးသွားတိုင်း ခရီးသွားကောင်း မဟုတ်ပါ!(ဖတ်ရန်ကြာချိန် ၃မိနစ်)

Choose your decision mindfully

Photo:http://www.bohemiantravelers.com/2018/04/how-to-choose-your-travel-destination.html?m=1

ခရီးတွေ အများကြီးသွားနေတိုင်းတော့ ခရီးသွားကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။ ခရီးသွားရင် ဘယ်လိုအချက်တွေကို စဉ်းစားပြီး သွားကြပါသလဲ? အောက်မှာဖော်ပြထားတဲ့အချက်တွေကို မလုပ်မိဘူးဆိုရင်တော့ ခရီးသွားပုံစံကို ပြောင်းလဲဖို့ တကယ်လိုအပ်နေပါပြီ။ ကဲ…ကြည့်လိုက်ရအောင်။

* သုံးစွဲမဲ့ငွေကြေး၊ ရည်ရွယ်ချက်၊ အချိန်ကာလပေါ်မူတည်ပြီး သင့်လျော်မဲ့ ခရီးလမ်းကြောင်း၊ တည်းခိုစရာ၊ သွားလာရေးကို ရွေးချယ်ပါ။ Eco-friendly hotelsတွေ ရွေးနိုင်ရင် ရွေးပေးပါ။

** သယ်ယူပို့ဆောင်ရေးကဏ္ဍကထွက်ရှိတဲ့ ကာဗွန်ပမာဏက တစ်နှစ်ထက်တစ်နှစ် ပိုပိုများလာနေတာကို သတိပြုပေးပါ။  Public transportationသုံးတာကလည်း ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်တဲ့ နည်းလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ ခရီးသည်၄၀ဆံ့တဲ့Busတစ်စီးက ထွက်တဲ့ကာဗွန်ပမာဏထက် ကားအသေး ၁၀စီးက ထွက်တဲ့ပမာဏကပိုမှာပါ။ #The_bigger_The_better။ မီးခိုမထွက်တဲ့ စက်ဘီး၊ E-bikesတွေကို ပိုသုံးပေးလို့လည်းရပါတယ်။

*** စားနိုင်တာထက် ပိုမမှာပါနဲ့။ energyကို ချွေတာပေးပါ။ ကုန်ကြမ်းအားလုံးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy)တွေ မဟုတ်ကြပါဘူး။

Be kind to the environment

Photo:http://www.ispmyanmar.com/2016/06/24/talking-trash-cleaning-up-bagan/

* အမြင်သာဆံုးက‌ေတာ့ အမှိုက်တွေပါ။ နေရာလေးတစ်ခု နာမည်ကြီးပြီး ခရီးသွားတွေ ဒလဟောလာကြ၊ ပြန်သွားကြပြီးရင် အပုံလိုက်ကျန်ခဲ့အမှိုက်တွေအတွက် အဓိကတာဝန်ရှိသူက စွန့်ပစ်ခဲ့တဲ့သူသာလျှင်ဖြစ်ပါတယ်။ ဒီဒေသလေးလှလိုက်တာလို့ တဖွဖွပြောရင်းပဲ မိမိလက်နဲ့ အလှပျက်အောင် လုပ်ခဲ့တာမျိုးပါ။

** ခရီးသွားနေတုန်း အဓိက သုံးမိတဲ့ ပစ္စည်းတွေထဲ သောက်ရေသန့်ဘူးနဲ့ တစ်ခါသုံး သွားပွတ်တံတွေက အများဆုံးဖြစ်ပါလိမ့်မယ်။ ယာဉ်လိုင်းတွေကရော၊ ဟိုတယ်တွေကပါ free‌ေပး‌ေလ့ရှိ‌ေတာ့ ပိုဆိုးပါတယ်။ နှစ်ခုလုံးက Plasticပစ္စည်း‌ေတွဖြစ်တာ‌ေကြာင့် ပြိုကွဲပျက်စီးဖို့ရန် နှစ်ထောင်သောင်းချီကြာမှာပါ။ မဖြစ်မနေလည်းသုံးဖို့ လိုအပ်နေပြန်တော့ ဖြစ်နိုင်ရင် Reusable productsတွေ ယူလာသုံးပါ။ မဖြစ်နိုင်ရင် လျှော့သုံးပါ။

*** နိုင်ငံတကာမှာ အခုနောက်ပိုင်း ခေတ်စားလာတာက reef-friendly sunscreenပါ။ လေ့လာချက်တွေအရ suncreanတွေပျော်ဝင်ထားတဲ့ပင်လယ်ရေပမာဏအနည်းငယ်ကတောင် သန္တာကျောက်တန်းတွေကို ဖျက်စီးနိုင်စွမ်းရှိပါတယ်တဲ့။ ပတ်ဝန်းကျင်ကိုမပျက်စီးစေချင်၊ အသားအရေလည်း မထိခိုက်စေချင်ရင်တော့ reef-friendly sunscreenကိုရှာဝယ်သုံးတာပဲဖြစ်ဖြစ်၊ ရေကူးတဲ့အခါ နေလောင်ဒဏ်ခံနိုင်တဲ့ Swimsuit အရှည်ဝတ်တာမျိုးဖြစ်ဖြစ် လုပ်စေချင်မိပါတယ်။

Support Local Businesses & Buy Locally-Sourced Products

Photo:https://www.myanmartours.net/best-idea-for-myanmar-souvenirs.html

* ဒေသခံတွေ ဖွင့်လှစ်ထားတဲ့ ဒေသရိုးရာစားသောက်ဆိုင်ငယ်လေးတွေ၊ လက်ဆောင်ပစ္စည်းဆိုင်၊ Local transportation‌ေတွမှာဖြစ်နိုင်ရင် စားပါ၊ဝယ်ပါ၊သံုး‌ေပးပါ။ ဒေသလုပ်ငန်းတွေကို လေ့လာပါ။ ဒီနည်းလမ်းတွေနဲ့ ဒေသခံတွေကို ကူညီပေးကြပါ။

** သို့ပေမဲ့ တရားဝင်တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ ရှားပါးသစ်ပင်ပန်းပင်၊ သန္တာကျောက်တန်းအပိုင်းအစ‌ေတွကို အလှပြဖို့အတွက်ပဲဖြစ်စေ ရောင်းဝယ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ရှားပါးတောကောင်တွေရဲ့ အသားဟင်းလျာတွေ အပါအဝင်ပေါ့။

*** Homestayနေတာမျိုး၊ လုပ်အားပေးဝင်လုပ်တာမျိုးနဲ့လည်း ဒေသခံတွေရဲ့ဝင်ငွေနှင့်‌ေကာင်းကျိုးကိုရော၊ မိမိရဲ့ အတွေ့အကြံုကောင်းတွေကိုရော တိုးတက်စေလို့ရပါတယ်။

**** တိုင်းရင်းသားတွေရဲ့ ရွာကို သွားလည်တဲ့အခါမှာလည်း ဓလေ့ထုံးတမ‌‌်းတွေကို လေးစားပေးပါ။ မယုံကြည်လို့ရပေမဲ့ စော်ကားတာမျိုးမလုပ်သင့်ပါဘူး။ ခွင့်မတောင်းပဲ သူတို့ရဲ့ပုံတွေမရိုက်သင့်ပါဘူးနော်။ စိုက်ခင်းတွေထဲ ဓာတ်ပုံရိုက်ချင်ရင်လည်းခွင့်တောင်းပြီး အပင်တွေ မပျက်စီးအောင် ဂရုစိုက်ပေးပါ။

Make Sure Your Travels Don’t Support Animal Suffering

Photo:https://www.britannica.com/explore/savingearth/the-changing-business-of-animal-exploitation

* ကလေးဘဝကတည်းကမြင်ဖူးနေပေမဲ့ အမှုမဲ့အမှတ်မဲ့သတိမထားမိတဲ့အချက်က Animal Exploitation(တိရစ္ဆာန်တွေအပေါ်အမြတ်ထုတ်ခြင်း)။ မြွေလိမ္မာလေး၊ ဆင်လိမ္မာလေး၊ မျောက်လိမ္မာလေး၊ ကျားလိမ္မာလေးလို့ ဘယ်လိုပဲခေါ်နေနေ ဒါဟာ ဘယ်လိုနာကျင်ခံရပြီးမှ လိမ္မာလာတာမျိုးတွေဖြစ်မလဲ။ ချွန်းတွေနဲ့ပေါက်၊ ကြိမ်တွေနဲ့ရိုက်၊ အစာဖြတ်ခံပြီးမှ စကားနားထောင်လာတာမျိုးတွေလားဆိုတာ သေချာသိဖို့လိုပါတယ်။ တိရစ္ဆာန်တွေဟာ သူတို့သဘာဝအတိုင်းပဲ လွတ်လွတ်လပ်လပ် ရှင်သန်ချင်ကြမှာပါ။ အခုတော့ လူတွေကို entertainလုပ်ပြရ၊ အစီးခံရဖြစ်လာတဲ့အခါမှာ harassment မှသည် exploitationအထိဖြစ်လာပါ‌ေတာ့တယ်။


** တိရစ္ဆာန်‌ေတွကို တကယ်လေ့လာချင်တယ်ဆိုရင်တော့ သဘာဝအတိုင်းလွှတ်ထားတဲ့ Safariလိုမျိုးကို သွားပြီး သင့်တော်တဲ့အကွာအဝေးတစ်ခုကနေသာ သူတို့ရဲ့အလေ့အကျင့်တွေကိုကြည့်သင့်ပါတယ် (ဒါမှမဟုတ်) တိရစ္ဆာန်တွေအပေါ် ဘယ်လိုကိုင်တွယ်နေလဲဆိုတာ အရင်လေ့လာပြီးမှ သွားရောက်လည်ပတ်သင့်ပါတယ်။

Give snacks instead of money

Photo:https://www.telegraphindia.com/amp/education/giving-money-to-beggars-is-a-stupid-idea/cid/1675087

အထူးသဖြင့်ကလေးငယ်လေးတွေကိုပါ။ ပိုက်ဆံကို လွယ်လွယ်တောင်းလို့ရတယ်ဆိုတဲ့အသိ မဝင်‌သွားစေချင်တာကြောင့် သနားလို့ပေးချင်တဲ့အခါ မုန့်က ပိုသင့်တော်မယ် ထင်မိပါတယ်။ တစ်ဖက်မှာလည်း ဘုရားသမိုင်းရှင်းပြ‌ေပး၊ ဓာတ်ပုံရိုက်ပေးတဲ့ ကလေးတွေကို‌ေတာ့ တတ်နိုင်သလောက် ချီးမြေှာက်ပေးသင့်ပါတယ်။

Leave your destination equal to or better than before

Photo:https://www.alamy.com/stock-photo-in-1808-king-bodawpaya-cast-this-90-ton-bronze-bell-called-the-mingun

မိမိကြောင့် သဘာဝတရားကိုသာမက ရှေးဟောင်းအဆောက်အအုံနှင့်ပစ္စည်း‌ေတွ၊ ဒေသပုံရိပ် ဘာတခုမှ ထိခိုက်မပျက်စီးသွားပါစေနှင့်။
တန်ဖိုးရှိလှတဲ့ နံရံဆေးရေးတွေပေါ် လျှောက်ခြစ်ကာ တန်ဖိုးမသိသူ၊ တန်ဖိုးမထားတတ်သူ မဖြစ်မိပါစေနဲ့။ အမှိုက်တွေ နိုင်သလောက် ကောက်ပေးနိုင်ရင်လည်း သိပ်ကောင်းမှာပါ။
#ခြေရာတွေသာချန်ခဲ့ပါဓာတ်ပုံတွေသာယူသွားပါ။

Be Aware and Share

အပေါ်မှာ ဖော်ပြထားတဲ့အချက်တွေထဲက များနိုင်သမျှ များများကြိုးစားလုပ်ဆောင်ပေးခြင်းအားဖြင့် တာဝန်သိပြီး တာဝန်ကျေတဲ့ ခရီးသွားကောင်းတစ်ယောက်ဖြစ်လာ‌ေပးပါနော်♥️
ဒါတင်မကသေးပါဘူး…
မိမိရဲ့မိတ်ဆွေသူငယ်ချင်း၊ မိသားစုနှင့် အခြားသူတွေသိအောင် ဝေမျှပေးကြပါဦးနော့💕

Leave a Comment