How to choose a Travel Destination?

How to choose a Travel Destination?
ဆုံးဖြတ်ရခက်နေပြီ ဆိုရင်တော့ အောက်ကမေးခွန်းလေးတွေ မိမိကိုယ်ကို မေးပြီး ဖြေကြည့်လိုက်ပေတော့ …

 ဘာကြောင့် ခရီးသွားချင်တာလဲ ?
လူအများစုကတော့ ကိုယ့်ကိုကိုယ် စိန်ခေါ်မှုတွေ လုပ်ဖို့၊ အသစ်အသစ်တွေ လေ့လာဖို့၊ အခြားရှု့ထောင့်ကနေ မြင်ကြည့်ဖို့၊ ပိုမိုနားလည်လာဖို့၊ ခိုင်မာတဲ့ relationshipတွေ တည်ဆောက်ချင်လို့၊ adventureတွေ လုပ်ကြည့်ချင်လို့၊ တစ်ခုခုကို celebrateလုပ်ချင်လို့၊ အနားယူဖို့ စသဖြင့် ရှိကြပါတယ်။ ဘာကြောင့်် ခရီးသွားချင်လဲ ဆိုတဲ့အေပါ် မူတည်ပြီး ရွေးချယ်ရမဲ့ destination ကလည်း ကွဲပြားသွားမှပါ။

 ဘာတွေလုပ်ရတာ စိတ်ဝင်စားတာလဲ?
တစ်ချို့ခရီးသွားတွေကတော့ ခရီးသွားရင်း Adventure and outdoor activity တွေ စမ်းလုပ်ကြည့်ချင်ကြပါတယ်။ တစ်ချို့ကြပြန်တော့ အေးအေးလူလူ Culture, food, art တွေ လေ့လာချင်တာမျိုးရယ်။ တစ်ချို့ ငွေကြေးသုံးစွဲနိုင်သူတွေကျပြန်တော့ Luxury နဲ့ pampering ပေါ့။ မိသားစု နဲ့ Fun & Relax ပဲလုပ်မယ် စိတ်ကူးတဲ့သူတွေလည်း ရှိပြန်တယ်။ တစ်ချို့ကျတော့လည်း သူငယ်ချင်းတွေနဲ့ Beach မှ beach ဆိုပြန်တယ်။ အားကစားပွဲတွေ၊ EDMပွဲတွေ တက်ဖို့သက်သက် ခရီးသွားနေတဲ့လူတွေလည်း ရှိပါတယ်။

 ကိုယ့်ရဲ့ Travel Style က ဘယ်လိုများလဲ?
Independent travel (သို့မဟုတ်) a group tour package
မြို့ပြ (သို့မဟုတ်) ကျေးလက်/တောတွင်း
တစ်နေ့လုံးလည် (သို့မဟုတ်) တစ်နေရာမှာ အနားယူ
ပြည်တွင်း (သို့မဟုတ်) ပြည်ပ စသဖြင့် စဉ်းစားရပါမယ်။

 ငွေကြေးဘယ်လောက်ထိ သုံးချင်တာလဲ?
Budget-minded travelက ကောင်းပေမဲ့ တစ်ခါတစ်လေတော့ luxuryဆန်ဆန် သွားလည်မှ ဒေသအရသာအပြည့်အဝခံစားလို့ရတာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ မော်လ်ဒိုက်

 အချိန်ဘယ်လောက် ပေးနိုင်မလဲ?
အဓိက အရေးအကြီးဆုံးအရာပါ။ အချိန်လံုလံု‌ေလာက်‌ေလာက်မရှိရင် စိတ်အေးလက်အေး ခရီးသွားနိုင်မှာ မဟုတ်ဘူးလေ။ ပေးနိုင်တဲ့အချိန်ပေါ်မူတည်ပြီး သွားမဲ့နေရာရွေးရတာက ပိုအ‌ေြခခံကျပါလိမ့်မယ်။

 ဒေသရဲ့ အခြေအနေကရော ဘယ်လိုရှိမလဲ?
ဥကမာ ပြည်ပခရီးဆိုရင် ဘာသာစကားအခက်အခဲ၊ ယဉ်ကျေးမှု ကွာခြားတာမျိုး၊ ရာသီဥတု မတူတာမျိုး၊ အစားအသောက်အဆင်ပြေမ‌ေပြဆိုတာ ၊လုပ်ချင်တဲ့ activityတွေရော ဘေးကင်းကင်း လုပ်နိုင်မလား ဆိုတာတွေ ထည့်သွင်းစဉ်းစားပေးရမှာပါ။

 ဘယ်သူတွေနဲ့ တူတူသွားမှာလဲ?
ဒါကလည်း အရေးကြီးပါတယ်။ မိသားစုနဲ့ ဆိုရင်တော့ relaxဖြစ်မဲ့ နေရာမျိုး ရွေးသင့်ပြီးတော့၊  ချစ်သူ၊သူငယ်ချင်း‌ေတွနဲ့ဆိုရင်တော့ activeဖြစ်ဖြစ်လှုပ်ရှားသွားလာရမဲ့ နေရာမျိုးတွေရွေးချယ်သင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဆုံးဖြတ်ရလွယ်ကူမယ်လို့ မျှော်လင့်မိပါတယ်။
အားလုံးပဲ ခရီးတွေပျော်ပျော်ရွှင်ရွင် အများကြီးသွားနိုင်ကြပါစေ။

Leave a Comment