
Transformative Travel
Transformative Travel ကိုတော့ ခရီးသွားနေစဉ်အတွင်းနှင့် ခရီးသွားပြီးတဲ့နောက်မှာ မိမိကိုယ့်ကိုပြောင်းလဲတိုးတက်သွားချင်တဲ့ခရီးသွားဧည့်သည်တွေ ရွေးချယ်သွားလေ့ရှိကြပါတယ်။ အဓိကကတော့ Self-reflection, self-discovery, self-development ရသွားချင်ကြတာပါ။ ဒါကြောင့် ခရီးသွားရင်း လုပ်မဲ့ activitiesတွေကလည်း Guide / Life Coachေတွနဲ့ သေချာစီစဉ်ပြီး လုပ်ကြရပါတယ်။ ဥပမာ ခရီးရှည်လမ်းကြမ်းလျှောက်ခြင်း၊ ယောဂပြုလုပ်ခြင်း၊ လုပ်အားပေးြခင်း စတာတေွပါဝင်ပါတယ်။
Transformative Traveller တေွဟာ ခရီးမစတင်ကတည်းက ရုပ်ပိုင်းဆိုင်ရာ ရော၊ စိတ်ပိုင်းဆိုင်ရာရော ပြင်ဆင်ပြောင်းလဲထားရမှာပါ။ သူတို့တွေက ကမ်းခြေတစ်ခုမှာ အေးအေးလူလူ နားနေတာမျိုးထက် ပိုတဲ့အတွေ့အကြုံတွေကို ရချင်ကြပါတယ်။ တခြားခရီးသွားတွေလို ခရီးသွားခြင်းဆိုတာ လက်ရှိကြုံတွေ့နေတဲ့အရာတွေကနေ ခေတ္တလွတ်လပ်ခြင်း လို့ မတွေးကြဘဲ မတူညီတဲ့ရှုထောင့်ကနေမြင်ကြည့်ရန် ကြိုးစားကြခြင်းသာဖြစ်ပါတယ်။ Transformative travel သွားခြင်းရဲ့အကျိုးကျေးဇူးတွေကလည်း ဘဝအတွက် positive and long term impacts ရရှိစေမှာပါ။ Transformative travel အတွက် အဓိကအရေးအကြီးဆုံးကတော့ အချိန်ရှိဖို့ပါ။ ကျန်တာကတော့ စိတ်အားထက်သန်မှုပါပဲ။
အုပ်စုလိုက်သော်လည်းကောင်း ၊တစ်ဦးတည်းသော်လည်းကောင်း
Travel guideပါတာမျိုး ရှိသလို၊ မပါဘဲနဲ့ လည်း ကိုယ်တိုင် လမ်းပြသွားကြတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုသွားမလဲဆိုတာကတော့ planned transformations သို့မဟုတ် unplanned transformations ရရှိချင်တဲ့အပေါ်မှာ အများကြီးမူတည်နေပါတယ်။
Planned transformations ကတော့ ကြိုတင်ကြားဖူးသိထားတဲ့ အတေွ့အကြုံအသစ်တွေ အသစ်အသစ်တွေကို လေ့လာခံစားြခင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒေသခံအိမ်မှာ homestayနေရင်း volunteerလုပ်တာမျိုးပါ။ Unplanned transformations မှာကတော့ ခရီးသွားရင်း မျှော်လင့်မထားပဲ ရုတ်တရက်ကြုံလာတဲ့အေြခအနေကနေ လေ့လာသင်ယူခြင်းဖြစ်ပါတယ်။
10 Favourite benefits of transformative travel:
Improved understanding of mental health – time alone to think and feel.
Improved overall health – time spent outside or doing things you love.
Taking back control – what is important to me?
Letting go – what doesn’t matter to me?
Re-balancing social norms, conditioning and limiting beliefs.
Breaking free of toxic people or a painful past.
Understanding your connection and place in the world.
Finding your purpose, passion or next career.
Learning healthy and unhealthy associations with love.
Finding new and alternative solutions to your biggest problems
တစ်ဦးနှင့်တစ်ဦး အကြိုက်မတူကြတာကြောင့် Transformative travel လုပ်ခြင်းအပေါ် အမြင်ကွဲပြားမှုတွေရှိနေနိုင်ပါတယ်။ သို့ပေမဲ့လည်း ခရီးသွားနေတဲ့အခါတိုင်းမှာ အသစ်အဆန်း တေွကို အမြဲမြင်ေတွ့ခံစားနိုင်မယ်ဆိုတာတော့ အသေအချာပဲဖြစ်ပါတယ်။
References –
https://www.theresetritual.com/what-is-transformative-travel/
https://transformmetravel.com/2020/02/23/transformative-travel-trend/amp/