- မော်လ်ဒိုက် မိတ်ဆက် –
The Republic of Maldives ဟာ အိန္ဒိယသမုဒ္ဒရာရဲ့ အာရေဗီယန်ပင်လယ်ထဲမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံငယ်လေးဖြစ်ပါတယ်။ ကျွန်းစုပေါင်း ၁၁၉၂ ကျွန်းအထိ တည်ရှိပျံ့ကျဲနေပါတယ်။ ကမ္ဘာပေါ်မှာ ပထဝီဝင်အရ အကွဲကွဲအပြားပြား အဖြစ်နေဆုံး နိုင်ငံများထဲမှ တစ်ခု ဖြစ်သလို (၃၉၃၅၀၀)ယောက်သာ ရှိသော နေထိုင်သူ ပမာဏ အနည်းငယ်ကြောင့် ကုန်းမြေဧရိယာ အရကော၊ လူဦးရေအရပါ အသေးငယ်ဆုံး အာရှ နိုင်ငံလည်း ဖြစ်ပါတယ်။ ငါးဖမ်းလုပ်ငန်းကို ရှေးယခင်ကတည်းက အကြီးအကျယ် လုပ်ကိုင်လာပြီး၊ ၁၉၇၂ခုနစ်နောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။
အခုလက်ရှိမှာတော့ အပန်းဖြေ resort ၁၃၂ခု အထိ ရှိနေပါပြီ။
ပြာလဲ့လဲ့ ပင်လယ်၊ ဖြူလွလွ သဲသောင်ပြင်နှင့် လတ်ဆတ်တဲ့လေ တို့ကြောင့် နိုင်ငံတကာခရီးသွားတွေကြားထဲ အမြဲရေပန်းစားပါတယ်။ Honeymoonအလည်အပတ်ထွက်သူတွေနဲ့ အမြဲပြည့်နှက်နေလေ့ရှိပြီးတော့ scuba divers နဲ့ snorkelersေတွအတွက်လည်း coral garden၊ natural aquarium တွေရှိပါတယ်။ Resortတစ်ခုချင်းစီတိုင်းမှာလည်း စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဈေးဆိုင်၊ lounges၊ bars၊ discos and diving schools၊ catering၊ power generators၊ laundry serviceနှင့် a sewage plant တွေဖွင့်လှစ်ထားရှိပေးထားပါတယ်။ Swimming, fishing, scuba diving, snorkeling, water-skiing. windsurfing နဲ့ kite boarding တို့လို Water Sportsတွေလည်း ဆော့ကစားနိုင်ပါတယ်။ Aerobics၊ volleyball နှင့် table tennis တွေအထိတောင် ပြည့်စုံအောင် စီစဉ်ပေးထားကြပါတယ်။ ဒီလိုပြည့်စုံစွာ စီစဉ်ပေးထားတာကြောင့်ပဲ luxury ခရီးသည်တစ်ယောက်ဟာ အမေရိကန်ဒေါ်လာ ၅၀၀၀နီးပါးအထိ ပျှမ်းမျှကုန်ကျမှာဖြစ်ပါတယ်။
Maldivesရဲ့ နာမည်အကြီးဆုံး နေရာ (၉) နေရာကို အောက်မှာ ပုံနှင့်တကွ ဖော်ပြထားပါတယ်။
References:
https://www.moneywehave.com/how-much-does-it-cost-to-go-to-the-maldives/
https://www.maldives-magazine.com/top-10/10-best-beaches.htm