Australia: Meat Pie

Australiaလူမျိုးတွေက ပိုင်မုန့်ကို သိပ်ကြိုက်ကြပါတယ်။ တစ်နှစ်ကို သူတို့စားကြတဲ့မုန့်အရေအတွက်က မရေမတွက်နိုင်အောင်ပါပဲ။ များသောအားဖြင့်တော့ ကော်ဖီနှင့်တွဲစားကြတာပါ။ ဒေသခံတွေ စတိုင်ဖမ်းချင်တယ်ဆိုရင်တော့ ပိုင်မုန့်အေပါ်မှာ ခရမ်းချဉ်သီးဆော့စ်လေး တင်ပြီးစားရပါသတဲ့။
Austria: Apfelstrudel

အမေရိကန်လူမျိုးတွေရဲ့ ပန်းသီးပိုင်မုန့်နဲ့ ဆင်တူပါတယ်။ Austriaလူမျိုးတွေကတော့ ကော်ဖီသောက်ပြီးမှ စားကြတာများပါတယ်။
Belgium: Moules Frites

ဘယ်ဂျီယံရဲ့ ရိုးရိုးရှင်းရှင်း လတ်လတ်ဆတ်ဆတ် အကြော်စုံတွေ…
Brazil: Pudim

ဟောဒီ့ ဘရာဇီးစတိုင် ပူတင်းကတော့ အခြားပူတင်းတွေထက် ပိုနူးညံ့၊ ပိုစားကောင်းပါသတဲ့။
Canada: Poutine

ကနေဒါရောက်ရင်တော့ အမျိုးအစား ၁၀၀ထဲက poutineတစ်မျိုးလောက် ရွေးစားခဲ့ပါ။
England: Steak and Kidney Pie

သိုး သို့မဟုတ် ဝက်ရဲ့ ကျောက်ကပ်နှင့်လုပ်ထားတဲ့ ပိုင်မုန့်အမျိုးအစားကို စားဖူးတဲ့သူတွေက အတော်ကောင်းတာကြောင့်စားကြည့်ဖို့ ညွှန်းကြတာများပါတယ်။
Finland: Squeaky Cheese

ချိစ့်ဖြစ်ပေမဲ့ ယိုတစ်မျိုးမျိုးသုပ်ပြီး ကော်ဖီလေးနှင့် တွဲစားလို့ရတဲ့ pan-friedအမျိုးအစားချိစ့်ပါ။ မြင်တာနဲ့ကို မြည်းကြည့်စရာလေး…
France: Macarons

ပြင်သစ်ရဲ့ အရောင်းရဆုံးနှင့် အရောင်အသွေး အမျိုးအစားအစုံလင်ဆုံး မုန့်တစ်မျိုးပါ။ ဒါပေမဲ့လုပ်ရတာ ခက်သလို အရသာကလည်း သိပ်ကောင်းပါတယ်။
Greece: Spanakopita

ဟင်းသီးဟင်းရွက်တွေနှင့်ပြုလုပ်ထားတဲ့ ဂရိရိုးရာ Pieမုန့်ကို လွန်ခဲ့တဲ့နှစ်၄၀၀လောက်ကတည်းက စွဲစွဲမြဲမြဲစားလာကြပါသတဲ့။ ဒါေကြာင့် မုန့်ဖုတ်ဖိုတိုင်းနီးပါးမှာ ပူပူနွေးနွေးအမြဲတွေ့ရှိရမှာပါ။
Hungary: Goulash

ဟန်ဂေရီလူမျိုးတွေ လှည်းတွေနဲ့ခရီးသွားရင်း ချက်စားခဲ့တဲ့ အသားဟင်းလျာက မူလကတော့ ဒီလိုမျိုး နီနီရဲရဲလေးမဟုတ်ခဲ့ပါဘူး။ ၁၆ရာစုလောက်မှာ တူရကီလူမျိုးတွေလာရောင်းကြတဲ့ ဟင်းခတ် အရောင်တင်ငရုတ်သီးမှုန့်ကို ထည့်ပြီးသုံးမိရာကနေ ဟောသည်လို ရဲရဲတောက်အနီရောင်လေး စဖြစ်လာခဲ့ပါတော့တယ်။
Italy: Deep-Fried Olives

အီတလီအစားအစာဆိုရင် ပီဇာနှင့် ပါစတာ ကိုပဲပြေးမြင်မိကြမှာပါ။ နောက်ထပ်စားကြည့်ရမဲ့အစားအစာကတော့ သံလွင်သီးကြော်ပါ။ Street foodအနေနဲ့ရောင်းတာကြောင့် လွယ်လွယ်ကူကူရှာတွေ့မှာပါ။
Japan: Ramen

ဂျပန်ramenတွေဟာ များသောအားဖြင့် တရုတ်ဟင်းလျာတွေနှင့် ဆင်တူနေသလိုရှိပေမဲ့ သူ့မှာလည်း ကိုယ်ပိုင်ကွဲပြားတဲ့အရသာနှင့် အပြင်အဆင်တွေရှိနေပါတယ်။
Morocco: B’stilla (Pastilla)

အံ့ဩသွားအောင်တစ်ခုပြောပြရမယ်ဆိုရင် သည်ဟင်းလျာရဲ့ အရင်တုန်းကပါဝင်ပစ္စည်းတစ်မျိုးက ခိုငှက်တွေတဲ့…။ အခုနောက်ပိုင်းမှာတော့ ကြက်သားကို အစားထိုးအသုံးပြုလာကြပါပြီ။ ချို၊ ငန်၊ စပ် အရသာအစုံအလင်ကို တစ်ပြိုင်တည်းခံစားနိုင်မဲ့ ဟင်းလည်းဖြစ်ပါတယ်။
Poland: Chlodnik

ပန်းရောင်လေးနဲ့ ဆွဲဆောင်နေတာကတော့ ပိုလန်လူမျိုးတွေရဲ့ နွေရာသီအစားအစာ တစ်မျိုးဖြစ်တဲ့အမဲသားchlodnik အေးအေးလေးပါ။ အရောင်ကိုတော့ သခွားသီး၊ မုန်လာဥတစ်မျိုး၊ ဒိန်ချဉ် တွေနဲ့လုပ်ထားပြီး အပေါ်မှာ ဥပြုတ်ေလးနဲ့ အလှဆင်ပေးထားပါတယ်။ ချွေးထွက်များတဲ့ နွေရာသီအတွက် အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်းညီတဲ့ စားစရာတစ်မျိုးပေါ့။
South Africa: Biltong

ဒေသခံတွေကတော့ အပျင်းပြေ snackအနေနဲ့စားကြလေ့ရှိပြီး အရသာကတော့ ငန်ပါတယ်။ အများအားဖြင့် အမဲသားကို ဟင်းချက်အမွေးအကြိုင်တွေနဲ့နယ်ပြီး အခြောက်ခံထားကြတာပါ။
South Korea: Bulgogi

“Fire meat”လို့ အဓိပ္ပာယ်ရတဲ့ အသားဟင်းလျာ က ကိုရီးယားမြေမှာ နာမည်ကြီးပါသတဲ့။ သကြားနှင့် ပဲငံပြာရည်ကို ထည့်ချက်ထားတာကြောင့် အရသာက နည်းနည်းချိုသယောင်ယောင်ရှိတယ်လို့ စားဖူးသူတွေကတော့ ပြောကြပါတယ်။
Spain: Paella

ကြက်သား၊ sausage၊ ပုဇွန်၊ ပဲ၊ အာလူးနှင့် ဆန် တို့ပါဝင်ထားတဲ့ စပိန်ရိုးရာဟင်း Paellaက Valenciaဒေသမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ဟင်းလျာပါ။ ရွှေဝါရောင် ထမင်းကတော့ အဓိကအသက်ဖြစ်ပြီး အိမ်ချက်လက်ရာတွေကိုတော့ ဆိုင်ချက်တွေက ဘယ်တော့မှမမီခဲ့ပါဘူး။
Switzerland: Chocolate

Swissလူမျိုးတွေက Cheese တွေ ဝိုင်တွေအပြင် ချောကလက်တွေကို အရသာရှိေအာင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပါ ကောင်းကောင်းသိကြပါတယ်။ ရောက်ခဲ့မယ်ဆိုရင်တော့ နို့ချောကလက်တွေ စတင်တီထွင်ထုတ်လုပ်ခဲ့တဲ့ Cailler factoryကို သွားလေ့လာလို့ရပါသေးတယ်။
Vietnam: Pho

ဗီယက်နမ်မှာ မနက်စာအနေနဲ့ရော၊ တစ်နေ့လုံး ကြိုက်တဲ့အချိန် ထစားလို့ရတဲ့အထိ ဆိုင်တွေအများကြီးမှာရောင်းတဲ့ နာမည်ကြီး Pho …အသားပြုတ်ရည်ထဲမှာ ခေါက်ဆွဲနှင့်အသားတွေ အဓိကပါတဲ့ ခေါက်ဆွဲပြုတ်တစ်မျိုးပါပဲ။
Thailand: Tom Yum Soup

ဒါကတော့ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ တုံယမ်းဟင်းချိုကို အဓိကအုန်းနို့နဲ့ချက်ကြပေမဲ့ မပါတာမျိုးလည်း ရှိပါတယ်။